ဒီပုံစံမကြိုက်ဘူးဆိုရင် ဘယ်ပုံစံလုပ်ရမတုန်း


ပြောရင်းပြောရင်း အသံကား တိမ်ဝင်လာတယ်။ ရာမညပြဇာတ်
ထဲမှာ ဇာတ်ဝင်ခန်းဟာ လေးအတင်အချ
ဖူးဖူးမှုတ်ပေမယ့် ဘူးဘူးဟာ အတိအကျ ပျက်ကွက်မှုအရ
ချိုင့်ခွက်ထဲမှာ
သာနေတဲ့လဟာ ပါးမှာချိုင့်နေတော့ ပါးချိုင့်လေးနဲ့
STOP ဆိုရင် ဖြည်းဖြည်း ဘရိတ်နင်း
ဟိုကြည့်ဒီကြည့် တိုးဝင်လာပြီဆိုမှ တရမန်းကြမ်း
ဖြတ်ပြီးစီးသွားတော့တာ ဒါကိုဘယ်လိုခေါ်သလဲ တွဲစပ်ထားတဲ့အရသာမှာ
ဟင်းကောင်းကောင်း ချက်တတ်တယ်
ပြောမလား ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ သဘာဝ
အစားပက်စက်တယ် ခေါ်မလားအမွှေးတိုင်ထိပ်က အငွေ့တလျှောက်
ရေလာမြောင်းပေး လေးရာသီလဘက်ရည်ဆိုင်လေးဘေး
ခေါ်ပြီဆိုရင် လက်ကာပြပြီး ချက်ချင်းထလုပ်ဖြစ်ဖို့
ဟိုဘက်ကြိုးတစ်စ ဒီဘက်ကြိုးတစ်စ ချည် ချည်ပြီး ဆွဲရ
နားခွက်မှာ အမော အဟော
ပစ္စည်းတွေသယ်ဖို့ သူတို့
အောက်ထပ်ကို ရောက်လာကြပြီ။                   ။

တည်ရ

Read more...

အသံများ


အိုင်းရစ် နိုင်ငံရေးသမား ဂယ်ရီ အဒမ်စ် က
သစ်ပင်ဖက်ခြင်းဟာတည်ငြိမ်မှုနဲ့ ခွန်အားရဲ့ရနံ့တွေ
ပေကျံနေတဲ့ ဘေးထွက်ဆိုးကျိုး အဓိပါယ်များ တုန်ခါသွားတဲ့အခါ
တပေါက်ပေါက်ကျနေတဲ့ ရေသံမှာ မနက်ဖြန်ကို ရင်ဆိုင်နိုင်မယ့် တန်ခိုး
သတ္တိတွေ မြုပ်နေတယ် ကျသံနဲ့ တက်သံ အကြား မယ်လိုဒီကို လိုသလို
ကစားလိုက်ဖို့ တြိဂံတွေ တဘိုင်းဘိုင်းပြုတ်ကျ ရေစက်ရေပေါက်သံနဲ့
ကဏ္ဍကောစ မျက်မှန်ဒီဂရီ အလျင်စလို မမြှင့်နဲ့အုန်း ရွက်ကျပင်ပေါက်နဲ့
ကတ္တီပါဖိနပ် အောင်လံကို ကမန်းကတန်း မလွှင့်ထူနဲ့အုန်း ဆီးချိုသွေးချိုနဲ့
အလုပ်လက်မဲ့တယောက်ရဲ့ သွေးရူးသွေးတမ်း ဝေါကနဲ မီးရထားတွဲတွေ ဖြတ်
သန်းသွား ရထားလို ခုနှစ်သက္ကရဇ်တွေ ဘယ်သူ့ကိုမှ မညှာတာပဲ ဖြတ်သန်းသွား
ငါ့ကိုယ် ငါ မညှာတာသလို ဘယ်လောက်လှတဲ့ မြက်ခင်းဖြစ်ဖြစ် တက်နင်းပစ်လိုက်
ချင်နေတယ် ဝုန်းဒိုင်းကျဲ တစက်စက် တပေါက်ပေါက် ရေသံကို အားနာစရာ ကောင်း
ပေမယ့် အကျယ်ကြီးဖွင့်ထားတဲ့ ဘဝဒဿနတွေကြောင့် အမြင်အာရုံဟာ ကွေးကောက်
မပြောကောင်းမဆိုကောင်း (ကြည့်လို့တော့ ကောင်းတယ်) ပြတ်ရွေ့ကျောတွေနောက်
အာရုံဟာ တကောက်ကောက်လိုက်သွားတယ် ဆိုပါတော့ သစ်ပင်ကြီးတွေနဲ့ လက်ပွန်း
တတီး မနေနိုင်ခဲ့လဲ မှော်ပညာသည် ယနေ့ လူ့ဘောင်တွင် လူရာဝင်နေသေး တွင်ကျယ်
နေသေးသော တွဲလောင်းကျနေတဲ့ သံချိန်းကြိုးပါးပါးလေး ၂ ချောင်း နောက်ကွယ်မှာ
အဖြစ်အပျက်တခုလုံးဟာ လဲလျောင်းလျက် လျှို့ဝှက်သိပ်သိုလျက် “ ဘာမှ မတတ်နိုင်
တော့ပါဘူးလေ” ရှည်လျား လေးပင်တဲ့ သက်ပြင်းမှုတ်ထုတ်သံ နဲ့ တပေါက်ပေါက်ကျ
နေတဲ့ ရေသံနဲ့ ရထားဖြတ်မောင်းသွားသံနဲ့ ကိုယ့်ကိုယ်ကို မနှစ်မြို့ခြင်းက ထွက်လာတဲ့
ရေပုပ်ရေဆိုးလို အသံများ။     ။

ခင်အောင်အေး
၁၅၊ ဇွန်၊၂၀၁၀ စင်္ကပူ စံတော်ချိန် ၁၂း၀၅ နာရီ

Read more...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP