သေဆို သေ ရှင်ဆို ရှင် ဘာမှ ပြန်မပြောဘူး
စာရွက်က ဘူးအဖုံးပေါ်မှာ လူတချို့အတွက် တဆင့်စကားအရ မျက်နှာကို
လှန်လိုက်ရင် အားလုံးဟာ ငြိမ်းချမ်းသွားပြီးတဲ့ အဆိပ်ကို
စုပ်ထုတ်ဖို့ ပါးစပ်ဟာ ခေတ် အခြေအနေမှာ ဆူဖြိုးဖြိုး အသားတိုးဖို့
လောက် အလုပ်လုပ်ကြရ တစ်နေ့စာ တစ်နေ့ရှာသလောက်
ဟိုပြေး သည်ပြေး ငါးမျှားတံ
ကွေးကွေးလေး ကြိုတင်
မှာယူစံနစ်ဖြင့် ကြိုကြိုတင်တင် ကစားနည်းများ
လမ်းအသွယ်သွယ်ယှက်ဖြာဖို့ အကြောပေါင်းစုံ စုရာ
ခရီးတစ်လျှောက် ဗျစ်တောက်ဗျစ်တောက် ပြောကြ
နာရီသံကြားရုံမျှနဲ့ မိုးလင်းသွားခဲ့ရတယ် လူဟာ ခလုပ်ကလေး
နှိပ် နှိပ် ပြီး ရွေ့လို့။ ။
တည်ရ
Read more...