ပန်းခြံ နဲ့ နိုင်ငံတော် သီချင်း


အကြာကြီးကြာသွားပြီလို့ ထင်လိုက်မိတာ နေ့စွဲနဲ့ သက္ကရာဇ်တွေ လှည့်စားသမျှ အနိုင်
အထက်ပြုသမျှ နု, ရမယ့် နုနု ကတော့ မလိုက်ဖူးပြောတယ် ဘယ်သူ့ကိုခေါ်မလဲ နှုတ်ခမ်း
နီ ဆိုးနေတဲ့ တယောက်လား လောက်လောက်လားလား ပြစရာ မှတ်စုစာအုပ်ထဲ မှာလဲ
တကြောင်းနှစ်ကြောင်းလောက်ပဲ ဆိုတော့ စာအုပ်လက်ဝယ်မရှိတော့ ကိုယ့်အရေးအသားကို
ကိုယ် ကိုယ်တိုင်မြှောက်ပင့်ပြောဆိုဘို့ တာဝန် ကျရောက်လို့ လာပြန်ပါပြီ နှစ်ဘက်စလုံး ရိုးသား
ကြရင် ရယ်စရာ အလိုက်သိတတ်စွာ ၂၅ တင်း ၂၆ တင်း စသည် ကြံကြိတ်ဖို ထောင်ခြင်း စသည်
ဂရိခေတ်က အံ့ဘနန်း တရားစီရင်ရေး ရှုခင်းကို အပေါ်ထပ်မှာ လူရာဝင်နေတဲ့သူတွေနဲ့ စည်ကား
Incoming call music မြည်သံ မြည်သံ မြည်သံ မြည်သံ ‘ မနှောက်ယှက်နဲ့ဗျာ ဒီမှာ စာရေးနေ
တယ်’ လျှောက်လဲချက် အဝတ်လျှော်စက် အမွှေးဖားဖား ဂျာကင်အင်္ကျီ ဆပ်ပြာမှုန့်ကို လိုသလောက်
ပဲ အတိအကျ ထည့်ပါ ဖွတ်ပါ လျှော်ပါ အဝတ်အစားမှ မဟုတ်ပါဘူး ဖွတ်လျှော်ခြင်းဟာ ဘဝရဲ့
လိုအပ်ချက် ဒီနေ့မှ ကျနော် နာလန်ထ လာတာ လူမမာဖြစ်နေတုန်းက ကျနော် အမဲခြောက်ဖုတ်
တစာစာ တောင်းခဲ့တယ် ပန်းခြံထဲမှာ လေ့ကျင့်ခန်းနဲ့ အမှိုက်သရိုက်များ သစ်ပင် လင်းနို့ ခုံတန်း
အုပ်ကွက်စီ ပြေးလမ်း တယောက်ယောက်က စည်းကမ်း လုပ်ပေးမှ (ဟုတ်တယ်) နောက် တယောက်
ကဝင်ပြောသေး သစ်ရွက်ခြောက် တခုကို ရိုက်ချင်ရိုက်ပလိုက် ဆဲ မနေနဲ့ တုတ်ရှိရင် တုတ်နဲ့ရိုက်
ကုန်ခမ်းသွားတဲ့ အားအင်တွေအတွက် လက်သီးဆုပ်လောက်အရွယ်ရှိ ဗူးထဲက ဆေးတောင့်တွေ
သစ်ရွက်ခြောက်ဟာ အပြေးစီးဖိနပ်နဲ့ မလွတ်တလွတ်ကလေး ပြိုင်ဘီးတစင်း ထောင်ထားတဲ့ နားက
ကွေ့ဝိုက် အိမ်ထောင်ရေး အဘိဓမ္မာ တခုလုံး အဲဒီ ခုံတန်းလေး နားမှာ ကျပျောက်ခဲ့တာ တနေ့သား
အကြာကြီးကြာသွားပြီလို့ထင်လိုက်ပြီးမှ ပြက္ခဒိန်ကိုပြန်ကြည့်တော့ နာရီသံပတ်ပြန်တင်းရင်း နိုင်ငံတော်
သီချင်းကို အော်ကြီးဟစ်ကျယ် သီဆိုခဲ့တယ် ။        ။

ခင်အောင်အေး
၃၀၊ ဧပြီ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၁း၀၅ နာရီ

Read more...

ကဗျာက ကဗျာလိုသွားဖို့ ကိုးလိုးကန့်လန့်


သီချင်းကို ပြောင်းဆိုနေပြီ
ကြည့်နေစဉ် အရောင်ဟာ တောက်ပြီးရင်း
တောက်လာ စကားလုံးများကြား လေ သွေး သွားမှာ
စိုးရတယ်
တိုးကပ်ထား မျက်လုံးထဲ အဓိပ္ပာယ်များ
တန်းစီ ထွက်ကျလာရင် ကုန်းကောက်ရဖို့ ခါးရိုးဟာ
ပျော့ပျောင်းလို့ဆိုရင် ကဗျာကို တစိမ့်စိမ့်ကြည့်
နဖူးက ခြေဖျားထိ အရိုးထွင်ပြီး
ခူးခပ်ပြီး မင်းမြင်သမျှ မင်းရလိုက်တာ
ဒါဟုတ်လား၊ ဒါမဟုတ်ဘူး၊
ဒါဟုတ်တယ် မေးခွန်းဟာ အဖြေနဲ့ ငြိနေတတ်တယ် ခင်ဗျားက
သီအိုရီဆန်တယ်၊ မီးခြစ်ဆံတယ် မိတ္တူကူးစက်
တဂျုံးဂျုံးမြည်သံ သူက ကျွန်တော့်ကို ဟော့ဒီလို အဖျားလေးဆွတ်ပြီး
ပြောရရင်စာအုပ်ထဲ မပြောမဆို ပျောက်သွားတဲ့အခါ ခင်ဗျားရင်ထဲ
ဝင်လာသမျှ တဒုန်းဒုန်း တဒိုင်းဒိုင်း ထုရိုက်နေသံ
မီးခိုးကြွက်လျှောက်ပါတယ်ဆိုမှ ဟိုစကားပုံလို
ခင်ဗျားဟာ အလကားရရင် အားလုံး
လိုချင်နေသူ သမိုင်း၊ ကျောထောက်နောက်ခံ၊ ရေးသက်၊ သက်တမ်း
မရှိရင် ကဗျာရေးလို့ မရဘူး(လား)၊
မရေးရဘူး(လား) အကိုင်းကို တေ့ဆက်ပြီး
ပင်စည်ကို ဖောက်ထွင်းပြီး
မဖြတ်သန်းဖူးတော့ ခင်ဗျားက လွယ်လွယ်လေး
ကူးသန်း သွားနိုင်တာပေါ့ ပြောပြတော့ တခစ်ခစ်နဲ့ ရီတယ်
အံတကြိတ်ကြိတ် ခြေတဆောင့်ဆောင့်
အမှိုက်ပုံလက်ညှိုးထိုးပြီး ခင်ဗျား ချိန်း(change)နေတဲ့
ချိန်း(chain)ဟာ ရွေ့လို့ ရွှေ့လို့
ဘူတာကျော်လို့ မီးသတ်ကားဟာ
ဥသြရှည်ဆွဲလို့ နာကျင်လွန်းတဲ့အခါ
ဖြစ်ညှစ်လို့ အဆစ်အမြစ်များ အစက်အပျောက်များ
လက်များ အတိုင်း
မြှောက်ထားခဲ့ပါတယ်
သွေးသံရဲရဲ။               ။

တည်ရ

Read more...

လက်ဖက်ရည်နဲ့ကော်ဖီရှိတယ် မင်းအကြိုက်ဘာလဲ


အဆိပ်တမျိုးမျိုး ရှိနေသလား ထိလို့ကိုမရ ခပ်လှမ်းလှမ်းက ရှူရှိုက်မိရင်တောင် အစွမ်းပြတယ်
တွန့်ကနဲဖြစ်ပြီး နောက် ခေါ်မကြား အော်မကြား အသံတိမ်ဝင် ယို့ရွံ့သွားမိ  သစ်ပင်ထိပ်ဖျား
မှာလား ဇာတ်ခုံ တခုရဲ့ မီးမောင်းစင်ပေါ်မှာလား ကိုယ်ရွံမုန်းတဲ့ မြွေတကောင်ဘဝမျိုးပဲ ကိုယ်ရနေ
သေဆုံးသူရဲ့ ရုပ်ကလပ်ကို အထီးကျန်စွာ ဘာလဲ ဖရန်စစ်ကောလဲ ဘာလဲ နောက်ထပ် အော်
လီဗာစတုံး နောက် မာတင်ကော့ဆီး ပင်လယ်ကမ်းခြေမှာ သဲကနန်းလေးတွေနောက်ပြေးလိုက်..
အော်..ဆီပူလောင်ထားတာကိုး ပြီးမယ်ဆို ပြီးလိုက်လို့ရပါပြီ ဒီနေရာတင် ပြီးတော့ တကယ့်ကဗျာ
လည်းမရေးတတ်ဘူး ဘိုင်ကော့စကီးက ဤကဲ့သို့ နိဂုံးချုပ်လိုက်ခြင်းကား အနုပညာမမြောက် ယုတ္တိ
လည်းမရှိ ဒါဟာ ရှေးစာဆို ဒေါက်တာ ဂျွန်ဆင် ရဲ့ အမြင်အတိုင်းလား လင်းန် ဟက်ဂျီးနီးယင်းန်ရဲ့
‘ကျွန်မရဲ့ဘဝ’ ဆယ်ခါပြော ဆယ်ခါမေ့ စာတအုပ် ခြေတလှမ်း နယူးယောက်နဲ့ဒီစီ မိုင်ငါးရာကျော်
နောင် ကြံ့ဖြစ်လာမယ့်သတ္တဝါ ဗလိုပွန်ဒါ့ခ် လှေခါးထစ်ပေါင်းများစွာကို ပြေးတက် ပြေးဆင်း လုပ်ရ
တော့မယ်ဆိုတာ စာရေးတော် နော်ရထာသီဟ ရဲရဲတောက် သူ့နေအိမ်မှာ ပုံကြီးချဲ့ထားတဲ့ မစ္စတာ
ကွီးယား အချိုးအစားအားဖြင့် ပိုက်လုံးတွေဆက်ဆက်ထားပြီး ပိုက်နဲ့ အုပ်ထားတယ် ယာခင်းကြီးက
လည်း စိမ်းနေတာပဲ ဥပမာ အသုံးအဖြုန်းကြီးသော သားငယ် - ဂျော့ ရူးလ်အော့လ်ထ် ရည်မှန်းချက်
ကို မပျက်စီးစေနိုင်ပေ ကြယ်မှုံတွေနဲ့ မှုတ်ကပ်ထားတဲ့ လက်ရာ တောင်စောင်းမှာ ကုပ်ကုပ်ကပ်ကပ်
ဖောက်ထားတဲ့ လမ်းတလျှောက် နောက်ထပ် နေစကြာဝဠာတခုခုဆီ တဟုန်ထိုးကြွတက်နေတဲ့
ပင်လယ်လှိုင်းတောင်ကုန်း လို့လည်းခေါ်ကြတယ် ကျွန်မတို့ကတော့ သူရဲကောင်းရင်ပြင်ကို ဖြတ်ပြီး
ဗာခ်ျဒါဟဲန်ယဲဒ် ရဲတိုက်ကြီး (၁၈၉၄ ဆောက်လုပ်) သတင်းဌာနပေါင်းစုံက မိုက်ခရိုဖုံးတွေ အပြွတ်လိုက်
အဝေးထိန်း ပုံစံငယ်လေယာဉ်ဟာ အသိမဲ့စွာ ဝဲပျံနေဆဲ ခြေထောက်တွေမှာ အကောင်းစားဈေးခေါင်ခိုက်
ဘောကန်ဘိနပ်တွေစီးထားလျက်။            ။

ခင်အောင်အေး
၃၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၁၂း၅၆ နာရီ

Read more...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP