ဘုရားရှိခိုးတယ် ပြီးတော့ အသေခံ ဗုံးခွဲတယ်
အော်။
တွဲချင်သပ ဆိုရင် ရှေ့မှာ တစ်ခုခု တွဲဆက်ပြီး
နာမ်၊ နာမ်စား ခင်ဗျားဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ် ဆီလျော်စွာ
ရုပ်တရား နမ်တရား အကြောင်းအကျိုး ကွဲပြားခြားနားစွာ
စီးနေတဲ့ ဒန်းလေး ပြန်ကျလာ လောကဓံ (ဒဏ်) ဆန်စွာ
ငုတ်တုပ်ကြီးဖြစ်ဖြစ်၊ ထိုင်လျက်ကြီး ဖြစ်ဖြစ်
ထီးတည်းကြီး ဆိုလည်း ထီးတည်းကြီးဖြစ်ဖြစ်
ဖြစ်မှ ဖြစ်ရလေ
အော် ကျွတ်ကျွတ်
ရင်ခုန်စွာ
စုတ်သပ်စွာ
သေသပ်ကျနစွာ
ထုပ်ပိုးထားသော အထုပ်အား မ၀ံ့မရဲ
ကြမ်းတမ်းစွာ တိုက်ခတ်လာသော လေသင်ဓုန်း
ဝတ်ရုံအောက်မှ လက်များဖြင့် မန်းမှုတ်နေသော
ရှေ့တစ်ယောက် နောက်တစ်ယောက် စည်းချက်
လိုက်နေသော
ဒါဟာ ရှယ်ပဲ
ဒါဟာ အော်ပဲ
ဒါ ကွက်တိပဲ
ကိုယ်စားပြု အသင်္ချေ အသင်္ချာ လှုပ်လီလှုပ်လဲ့စွာ
တိတ်သားများ နောက်ပြန်ရစ်မယ်ဆိုရင် ဖန်ခွက်ကို ပြန်ဆက်ပေးရုံ
ရေဟာ ပိုက်ခေါင်းထဲကို အလုံးလိုက်
မှန်ထဲက အရိပ်ဟာ မှန်ထဲက အရိပ်လို
တွားသွားသတ္တ၀ါများဟာ အချိုးကျနစွာ တေ့ဆက်ပြီး ခါးကို
မီးလောင်လွယ်သော ပစ္စည်များ မီးနဲ့ အတူ
ပင်လယ် အော်ဖြစ်ဖြစ်
အော်သံဖြစ်ဖြစ်
အောက်ခြေရှင်းသော သစ်ပင်များ ပိုးမွှားကင်းစင်စွာ
လက်ဝါးကပ်တိုင်သည် ရင်ဘတ်နှင့်ကပ်လျှက်
ရိုးတိုးရိပ်တိပ် စီးကျနေသော ကော်ဖီရည်များ အဓိပ္ပာယ်မဲ့စွာ။ ။
တည်ရ
Read more...