ခင်ဗျားသို့မဟုတ်ကျနော်ဒါမှမဟုတ်ခင်ဗျားရောကျနော်ရော ဘယ်လောက်အမြင့်ကြီးကနေခုန်ချကြမလဲ


ငါဟာ အခုပဲ လဲကျသေဆုံးဖို့ အဆင်သင့်ဖြစ်နေ
အခုပဲ ဖဲကြိုးနဲ့သေသပ်လှပ ချောကလက်ပြားကို မြည်းစမ်းဖို့ အဆင်သင့်ဖြစ်နေ
အဲဒီ ဟိုအကောင်ကို ပက်ပက်စက်စက် ဆဲပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေ
ဓါတ်တိုင်မှာ ကြိုးတုပ်ထားပြီး ပန်းတပွင့်ကို ငွားစွင့်ပွင့်စေတယ်
အဲဒီခက်ဆစ် အဓိပ္ပါယ်မှာ သီထားတဲ့ ပုတီးစေ့ ပုယင်းရောင် ပုလဲလဲ့လက် ပုလင်းမှ
တဆင့် တံဆိပ်ကို ဖတ်ဖို့ကြိုးစားနေဆဲ အသံတစုံတရာ မြည် (ကျယ်လောင်မှု)
တဆင့် ပြန်လွှင့်ဖို့ (ကျဉ်းမြောင်းမှု) မင်းတို့ရတာ မင်းတို့အထဲသေချာထည့် ငါ့ကို
ပါးမပါး ဆိုတာကတော့ ပါးစပ် ပါးစောင်တ၀ိုက် ခပ်ပါးပါးရှပ်ချလိုက်ရုံ
တကယ်တော့ ဘာလို့ဒါမျိုးတွေပြောနေ ရေးနေတော့မလဲ တပြိုက်နက်ထဲ ရှပ်ချလိုက်ရုံ
လူသားတွေနောက်ထပ် ဘာထပ်သိအုန်း ဘာထပ်ကွန့်အုန်း ဘာထပ်ရှာဖွေအုန်းတော့ ရှပ်ချလိုက်ရုံ
အခုမိနစ်စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ပန်းကန်ပြားပျံနဲ့ထမင်းထည့်စားမလို့အလုပ်
ချင်းတွင်းမြစ်ရေနည်းချိန် ကွန်ဒုံးကိုစံနစ်တကျအသုံးပြုတတ်ရန် ပညာပေးရင်း ဆင်ထွင်း
ယူနည်း အပါးလေးတွေ ခပ်ရှပ်ရှပ်ကလေးတွေ တလျှောက်လုံးပြောလာတာ အမြှုပ်တစီစီ
ရုပ်လွှင့်သံလွှင့် လွှင့်ချင်ရာလွှင့် လွင့်မျောပြီးသားဟာ ဒုတ်တပြက် ဓါးတပြက်
လည်ပင်းကစိန်ဘယက်ကြီးလဲ ပြုတ်မကျဘူး ကြိုးပျောက်အင်္ကျီလဲ ကျွတ်မကျဘူး (စိတ်ချ)
ခင်ဗျားဘာဖြစ်နေလဲ ခင်ဗျားကမေးမယ် ကျနော်ဘာဖြစ်နေလဲ ခင်ဗျားကမေးမယ် ခင်ဗျား
ဘာဖြစ်နေလဲ ကျနော်ကမေးမယ် ခင်ဗျားနဲ့ကျနော် အပြန်အလှန် ဂျီမေးလ်ကတဆင့် မေးကြမယ်
မေးခွန်းများဟာ လျှာများကိုအယားပြေစေတယ်လို့ ကိုရဲက ဝေါ်ကီတော်ကီ
အယားပြေ အရေပြားကဗျာတွေပဲ ရေးတော့မယ်တဲ့ ဝေါ်ကီတော်ကီ
reference စာအုပ်များ အသုံးနည်းခြင်းကြေင့် ဝေါ်ကီတော်ကီ
လူသုံးနည်းဘာသာစကားကို ယဇ်နတ်ပူဇော်ခြင်း ဝေါ်ကီတော်ကီ
အားကစားဂျာနယ်ကိုကောက်ကိုင်မိသည်မှာ မိမိတို့အမှားများစွာကျူးလွန်ခဲ့သည်ဟု
ခေတ်စားခြင်း ပေါ်ပြူလာဖြစ်ခြင်း တွင်ကျယ်ခြင်း နကျယ်ကောင် - (အကျယ်ကို……လည်းရှု)
အမှန်တော့ ဒီနေ့ကို ဒီလိုစာလုံးပေါင်းမလို့မဟုတ်ဘူး နှစ်ခု သုံးခုလောက် ပေါင်းပြီးမှ
ပရက်ရှာ ကွတ်ကာနဲ့ တခါထဲထည့်ပေါင်းမလို့ အပေါင်းလက္ခဏာဆောင်ဘို့ ကိုယ့်မှာ အနှုတ်ချည့်
သက်သက်၊ သက်သက်သာသာနေပါစေ ငြင်ငြင်သာသာ အသက်ထွက်ပါစေ ငါ့ကို
ငါဟာ အခုပဲ လဲကျသေဆုံးဖို့ အဆင်သင့်ဖြစ်နေ။              ။


ခင်အောင်အေး
၂၄၊ ဖေဖော်ဝါရီ၊ ၂၀၁၀

Read more...

လက်မထိပ်မှာ သွေးပန်းထွက်သွားတုန်းက ခင်ဗျားရပ်နေတာ ဟိုဘက်မှာလား ဒီဘက်မှာလား


လက်ဖမိုးယှက်ပြီး ပြုံးတုံ့တုံ့ လုပ်နေတယ်
သူဟာ ဖော်မြူလာ အမှားကြီး
ကောင်းကင်မှ မြေကြီး  ငြိစွန်းနေတာ ဥပဒေ
မဟုတ်ဘူး သတ်မှတ်ချက်အရ ရောက်ရှိ
လာခြင်းကို ပြုတ်ကျလာသည်။
ကြွေကျလာသည်။
ခုန်ဆင်းလာသည်။
ထိုးဆင်းလာသည်
တစ်ဦးမှ အခြားတစ်ဦး အထူးသဖြင့် ကောင်လေးမှ ကောင်မလေး (ကောင်မလေးမှ ကောင်လေး)
မေတ္တာသက်ဝင်ချစ်ခင်ခြင်းသည်လည်း စတင်၍
ကြွေပြီးရင်းကြွေ
အတွင်းကြေ
အပြင်ကြွေ အစိုင်အခဲများ ဝေလည်းမွှေး
ကြွေလည်းမွှေး မိုးကြိုးသွား အုန်းပင် ဘာဖြစ်ဖြစ်
ကြွေတယ်ဆိုရင် နုနုရင့်ရင့်
အသွားအလာ အနေအထိုင် အစားအသောက် ဆင်ခြင်
နေပြောက်မထိုး မြင်နေတုန်း
ဘူး နေရာမှာ နေဟာ နှင်းဆီပွင့်လို နီနီ ရဲရဲ ချည်လုံးထဲ
တောကြီးမျက်မည်း ပျောက်နေခဲ့တယ်
တ၀ဲလည်လည် လက်ညှိုးတစ်ချောင်း ထောင်
ဝါးနဲ့ဆောက်တဲ့ အိမ်ကလေး ကားတွေ ဖြတ်မောင်းသွားရင် သိမ့်သိမ့် တုန်
ခဲတံထဲ ခဲဆံဟာ အမြှောင်းလိုက်
နစ်မြုပ် တုံးနေရင် သွေးလိုက် ချွန်လိုက်
အပူချိန်က တဖြည်းဖြည်း အလံဖျားဟာ တိုင်ထိပ်ကို
လျှောကျလာတယ် မြင့်တက်လာတယ်
တံခါးလေး စေ့နေရုံ
ဂရုတစိုက် ပိတ်ပေးပါလား အပူတွေ
အခန်းပိတ်ပြီး ကျွန်တော် သိမ်းထားတယ်
ငါးကန်ထဲ ငါးတွေ မြူးနေတယ်တဲ့
ရေ အော်သံ ည
လှိုင်းမထန်ဘူး အိပ်ပျော်သွားတယ် ဆိုရင် အဝေးက
သယ်ဆောင်လာတဲ့ သူတို့ အနံ့ကို ရတော့တာပဲ ပင်လယ်လေ ရှုရှိုက်ရသလို
ဆံပင်စုတ်ဖွားဖွား မျက်လုံး ပြူးထားသူများ
ဖုံးမြည်သလို တုန်တုန်သွားတဲ့အခါ ခေါင်းညိတ်ခေါင်းခါ မေးဆတ်ပြကာ
ဝါကျတွေ အရမ်းရှည်တယ်
စကားပြေ အရမ်းဆန်တယ်
စကားပြောရစ်သမ် ပုံးပေါလအောသုံးထားတယ်
အကြောင်းအရာ မယ်မယ်ရရ
အဓိပ္ပာယ်ဖွယ်ဖွယ်ရာရာ
ပစ်မှတ် လိုရင်းမရောက်
တိမ်ထူတဲ့အခါ အနွေးထည်တွေ လိုတော့တာပဲ
အထီးအမ ခွဲခြားမရဘူး အမျိုးအစားက
အဖြူအမည်း မကွဲပြားဘူး
နွေ သစ်ရွက် ဓာတ်ပုံ အပြင် အတွင်း တိုက်ဆိုင် စစ်ဆေး နိမိတ်တစ်ခု အဖြစ်တစ်ခု
သင်္ကေတတစ်ခု စကားလုံးများ ဆက်စပ်ယူမှု
တစ်စုနဲ့ တစ်စု ကွန်ရက်တွေ လိုတယ် ကေဘယ်လ်တွေ လိုတယ်
ရရှိဖို့ ဖမ်းစက်တွေလိုတယ်
ဖြည့်လို့ရတဲ့ ကုန်ပစ္စည်း သိုလှောင်ရုံလေး
အချက်အလက်များ ကြွသွားတဲ့အခါ
ဘာသာစကား(တခုခု)မှာ စီးနေတဲ့ကား မောင်းနေတဲ့ကား အထီးအမ ခွဲခြားခံထားရတယ်ဆိုတာ
အထီးလား အမလား ကား ဟာ ။              ။

တည်ရ

Read more...

အားကစား သတင်းပဒေသာ (ဘော်လုံး သတင်း)


ပျော်စရာကြီး
အခုမှ တကယ်ကစားမယ့်လူတွေကွင်းထဲဝင်လာတယ်
Coach တွေဟာ တကယ်ပါးနပ်တယ်
ဘယ်သူ့ကို ဘယ်အချိန်ကျမှ ထည့်ကန်မယ်လို့
တကယ့်ကစားသမားတွေကလဲ တကယ့်ကစားသမားပီသတယ်
(ပရော်ဖက်ရှင်နယ်လို့အစီအစဉ်ကြေညာသူက မပြောတတ်ရှာဘူး)
ကစားမယ်ဆိုတာချည်းပဲ
ဘေးကန်ဘို့ လိုလာရင်တောင် ဘေးမကန်တတ်တော့ဘူး
ခြေထောက်တွေက ဂိုးပေါက်တွေကိုတည့်တည့်ပဲ
ညာထောင့်ဆို ညာထောင့် ဘယ်အပေါ်ဆယ်ပြားစေ့ထောင့်ဆို အဲဒီထောင့်တဲ့တဲ့
ဂိုးသမား ပေါင်ကြားကသွင်းပြီးတော့လဲ တဟားဟား အော်ရယ်ဘို့ မမေ့မလျော့
ဘာလို့ဘေးကန်မထုတ်တာတုန်းလို့ နည်းပြကလဲမေးရော ခေါင်းကုတ် ဖင်ကုတ်
ဈေးတွေ အကုန် ဟ ကုန်ပြီ တမတ်နဲ့ ဈေးဖွင့်ထားတာ မနက်ဖြန် မင်းတို့ရှင်းပေတော့
ဆေးမှုနဲ့ ခဏ၀င်နေမလား နိုက်ကလပ်မှာ ထိုးကြိတ်မှုနဲ့ တရားခံလုပ်ပြီး ဆေးရုံပေါ်ခဏတက်နေမလား
အပြောင်းအရွှေ့ရာသီက လိုပါသေးတယ်၊ ဘယ်သူမှလဲ ဟုတ်တိပတ်တိကြေးဖွင့်သေးတာမဟုတ်ဘူး
မင်းတို့ခြေထောက်တွေ ၀ဲစားမယ်၊ ခြေအိတ်ကို တံဆိပ်ကောင်းတယ်ဆိုတိုင်း မ၀တ်နဲ့
အဲဒီမြက်တွေက နုနုလေးတွေ၊ ကန်တာကတော့ စိတ်တိုင်းကျသာကန် ဂိုးရရင် နောက်ပွဲဆက်ရမယ်
ဂိုးပျောက်ရင်တော့ နောက်နှစ်ပွဲလောက်ဆို အရန်ခုံ   
                                                              ဘယ်ခုံနားလောက်ထိုင်ရင်ကောင်းမလဲရွေးထားပေတော့
ကမ္ဘာ့ချန်ပီယံဆိုလဲ ၄-၅ နှစ် ဆက်ဆွဲထားလို့ရတာမျိုး မဟုတ်ဘူး
နံမယ်တွေ ဖော်ပြောရမှာတော့ ပျင်းတယ်
ဥပမာ
ပေါက်ခေါ (စီနီယာ) ရော်နယ်ဒို
ပေါက်ခေါ (ဂျူနီယာ) ရော်နယ်ဒင်ဟို
နောက်ရှိသေးတယ် အူတက်သွားမှာစိုးလို့မပြောတော့ဘူး
ဘော်လုံးပွဲအားပေးရင်း ရှေ့ကလူကိုကန်မိသွားလို့ဆိုတဲ့ ပျက်လုံးမျိုးကတော့  
                                                                     ဒီကနေ့မှာဘယ်လူရွှင်တော်မှ မသုံးကြတော့ပါဘူး
အားကစားဆိုလို့ အားတိုင်းယားတိုင်းကစားရတဲ့ ကစားနည်းလို့မထင်နဲ့
နှစ်တွေကြာသည်နှင့်အမျှ ကြေးတွေ ကွာဟ လာတယ်
နှစ်တွေကြာသည်နှင့်အမျှ ကြေး(ဂျီး)တွေ နူးကွာ လာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြေးခွံတွေ ပြုတ်ထွက်လာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြွေးတွေ အရေထူလာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြွအရွတွေ ထူပိန်းလာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြွင်းအကျန်ကအစ တန်ဘိုးရှိလာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြောင်းအရာဟာ သေးသေးလေးတွေဖြစ်လာတယ်
နှစ်တွေကြာသည်နှင့်အမျှ အကြောအချင်တင်းတာတွေကို  ဖြေဖျောက်တတ်လာတယ်
နှစ်တွေကြာသည်နှင့်အမျှ……
နှစ်တွေကြာသည်နှင့်အမျှ…..
နှစ်တွေကြာသည်နှင့်အမျှ…..
နှစ်တွေကြာသည်နှင့်အမျှ…..
ဖာဂူဆန်ဟာ သူ့အတော်ဆုံး ကစားသမားကို ဖိနပ်နဲ့ ကန်ပေါက်လိုက်တယ်
တော်တော် မိုက်ရိုင်းတဲ့ လူ
ဒေးဗစ် ဘက်ခမ်း …ဇာတ်နာနာနဲ့..
အခု ဘယ်အသင်းမှာလဲ အော် ဂလက်ဆီ..ဘာဆိုလဲ အဲဒီအသင်းမှာမဟုတ်လား
ရောင်းတော့ရောင်းကောင်းတုန်းပါ..
အရင်လောက် ဈေးမရတာလေးပဲ ပြောစရာရှိတယ်။

ဘော်လုံးဆိုတာ ပြားမှန်း လုံးမှန်းတောင်မသိပဲ ၀င်ရေးတဲ့ သတင်းထောက်ရဲ့သတင်းပါ
ဘယ်သူမှ မယုံကြပါနဲ့။                 ။

ခင်အောင်အေး

Read more...

ချမရေးဖြစ်ဘူး ဒါပေမယ့် ၀န်ဆောင်မှု အားကောင်းမောင်းသန်စွာ


ချမရေးဖြစ်ဘူး ဒါပေမယ့် ၀န်ဆောင်မှု အားကောင်းမောင်းသန်စွာ
ချမရေးဖြစ်ဘူး ဒါပေမယ့် ၀န်ဆောင်မှုအားကောင်းမောင်းသန်စွာပျင်းရိငြီးငွေ့ငွေ့လမ်းပြဆိုင်းဘုတ်များ မမှိတ်မသုန် တစ်ကြောင်းထိုး မျဉ်းများ၏ နောက်ကွယ်လွန်းထိုးလှုပ်ရှားမှု တောင်ကုန်းစိမ်းစိမ်းလေးပေါ် ပြေးဆင်းပြေးတက် စက္ကူပျော့ဖတ်ဖတ်လေးများ ဖြင့် အညစ်အကြေးပီပြင်စွာ စတော့ဈေးကွက်သို့ အငြိမ်းစားငွေ (ကျပ်)(ကျပ်)(ကျပ်)(ကျပ်)($)($)($)($) ကြေး + - x / များ ၁/၂နှုန်းဖြင့် Area A/B Level Area AB Level 1 အရာဝတ္ထုတစ်ခုအားဝိုင်း၍မျဉ်းတစ်ကြောင်းကန့်လန့်ဖြတ်သည် ဆိုပါစို့ အသက်ရှုပုံမမှန်ခြင်း ဟွန်းသံကင်းမဲ့ဇုံ အရေပြားခွဲစိတ်အလှပြင်ဆင်မှု ကိုယ်ခန္ဓာဆေးခြယ်ခြင်း(Tatoo မဟုတ်) ဖြင့် ယဉ်ကျေးမှုအတွင်း ကန်သွင်းသယ်ဆောင်မှု မျက်နှာသိများအတွက် လေတဖြူးဖြူးသင်ဖြူးဖျာဝင်ပေါက်ချဲ့ထားတယ် အထုပ်အပိုးများချပါ။ ရှေ့ကဗျာ နောက်ကဗျာ မတူအောင်ရေးခြင်းဖြင့် ဖိနပ်အထူအပါးခရီးအ,အတိုင်းအ,တာကွယ်လွန် ချိန်တွင် သူဟာ အသက်ရှစ်ဆယ်ရှိနေပါပြီ ကျွန်တော်များယာဉ်ဖြင့်အခေါက်ခေါက်အခါခါ ယောနိသောမနသိကာရ ကျင့်ဝတ်သိက္ခာနှင့်လျော်ညီစွာရင်ဘတ်တံဆိပ်ပါမပါဓာတ်ပုံကပ်ထားခြင်းရှိမရှိ အိမ်အ၀င်အထွက်စိုက်ခင်းများ စိမ်းလန်း လျက် ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခြင်း ပါးရည်နပ်ရည် ရုပ်တုမြင်းခြေတစ်ချောင်း မြှောက်လျှင် ခေါင်းစွပ်စွပ်ပါ စပါးနယ်စဉ် နွားများ
ငါ့ဇာတ်ကောင်ကို ငါ အကောင်းဆုံးတွေပဲ ပေးချင်တယ် သာမာန်အသိရဲ့ လမ်းလျှောက်ပုံ။ ။
                                        

ချမရေးဖြစ်ဘူး ဒါပေမယ့် ၀န်ဆောင်မှု အားကောင်းမောင်းသန်စွာ
ပျင်း ရိ ငြီး ငွေ့ ငွေ့ လမ်း ပြ
ဆိုင်း
ဘုတ်များ
မမှိတ် မသုန်
တစ်ကြောင်း
ထိုးမျဉ်းများ
၏ နောက်ကွယ်လွန်းထိုး
လှုပ် ရှား မှု
တောင်ကုန်း
စိမ်း
စိမ်း
လေးပေါ် ပြေး
ဆင်း ပြေး တက်
စက္ကူပျော့ ဖတ် __________________ ဖတ်
လေးများဖြင့် အညစ်အကြေးပီပြင်စွာ
စတော့ဈေးကွက်သို့ အငြိမ်းစား
ငွေ (ကျပ်) (ကျပ်) (ကျပ်) (ကျပ်) ($) ($) ($) ($) ကြေး + - x / များ
၁/၂နှုန်းဖြင့် Area A/B
Level Area A B Level 1
အရာဝတ္ထု တစ်ခု အား ၀ိုင်း
၍ မျဉ်းတစ် ကြောင်းကန့်
လန့်
ဖြတ်သည်
ဆိုပါစို့
သက်ရှုပုံ
မ မှန်ခြင်း
ဟွန်းသံ ကင်း မဲ့
ဇုံ အရေ
ပြားခွဲစိတ်အလှ
ပြင်ဆင်မှု ကိုယ်ခန္ဓာဆေးခြယ်ခြင်း
(Tatoo မဟုတ်)
ဖြင့် ယဉ်
ကျေးမှုအတွင်း ကန်သွင်းသယ်ဆောင်
မှု မျက်နှာ
သိများအ တွက် လေတဖြူးဖြူး
သင် ဖြူး ဖျာ
ဝင် ပေါက် ချဲ့
ထားတယ် အထုပ်အပိုးများ
ချပါ။
ရှေ့ ကဗျာ နောက်
ကဗျာ မတူ
အောင် ရေး ခြင်း ဖြင့်
ဖိ
နပ်အထူအပါး ခရီး
အ, တိုင်း အ, တာ
ကွယ်လွန်ချိန်တွင် သူ
ဟာ
အသက်ရှစ်ဆယ် ရှိနေပါပြီ
ကျွန်တော်များယာဉ်ဖြင့် အခေါက်
ခေါက်
အ ခါ ခါ
ယောနိသော မနသိကာရ
ကျင့်
ဝတ်သိ က္ခာ နှင့်
လျော်ညီစွာ
ရင်ဘတ် တံဆိပ် ပါ
မပါ
ဓာတ်ပုံ ကပ် ထားခြင်း ရှိ
မရှိ
အိမ် အ ၀င် အ ထွက် စိုက်
ခင်းများ စိမ်း
လန်းလျှက် ဖုန်း
အ ကြိမ် ကြိမ် ခေါ်
ဆိုခြင်း ပါးရည် နပ်ရည်
ရုပ်တုမြင်း ခြေတစ်ချောင်း မြှောက်လျှင်
ခေါင်းစွပ်စွပ်ပါ
စပါး နယ် စဉ် နွားများ
ငါ့ဇာတ်ကောင်ကို ငါ အကောင်းဆုံးတွေပဲ ပေးချင်တယ်
သာမာန်အသိရဲ့ လမ်းလျှောက်ပုံ။ ။


ချမရေးဖြစ်ဘူး ၀န်ဆောင်မှု
အားကောင်းမောင်းသန်စွာပျင်းရိငြီး
ငွေ့ငွေ့လမ်းပြဆိုင်းဘုတ်များ
မမှိတ်မသုန် တစ်ကြောင်းထိုး
မျဉ်းများ၏ နောက်ကွယ်လွန်းထိုး
လှုပ်ရှားမှု တောင်ကုန်းစိမ်းစိမ်းလေးပေါ်
ပြေးဆင်းပြေးတက် စက္ကူပျော့
ဖတ်ဖတ်လေးများဖြင့်
အညစ်အကြေးပီပြင်စွာ
စတော့ဈေးကွက်သို့
အငြိမ်းစားငွေ
(ကျပ်)(ကျပ်)(ကျပ်)(ကျပ်)
($)($)($)($)
ကြေး + - x / များ ၁/၂နှုန်းဖြင့်
Area A/B Level Area AB Level 1
အရာဝတ္ထုတစ်ခုအားဝိုင်း၍
မျဉ်းတစ်ကြောင်း
ကန့်လန့်ဖြတ်သည် ဆိုပါစို့
အသက်ရှုပုံမမှန်ခြင်း
ဟွန်းသံကင်းမဲ့ဇုံ
အရေပြားခွဲစိတ်အလှပြင်ဆင်မှု
ကိုယ်ခန္ဓာဆေးခြယ်ခြင်း
(Tatoo မဟုတ်) ဖြင့် ယဉ်ကျေးမှုအတွင်း
ကန်သွင်းသယ်ဆောင်မှု
မျက်နှာသိများအတွက်
လေတဖြူးဖြူးသင်ဖြူးဖျာ
ဝင်ပေါက်ချဲ့ထားတယ်
အထုပ်အပိုးများချပါ။
ရှေ့ကဗျာ နောက်ကဗျာ
မတူအောင်ရေးခြင်းဖြင့်
ဖိနပ်အထူအပါးခရီးအ,
အတိုင်းအ,တာ
ကွယ်လွန်ချိန်တွင်
သူဟာ အသက်ရှစ်ဆယ်ရှိနေပါပြီ
ကျွန်တော်များယာဉ်ဖြင့်
အခေါက်ခေါက်အခါခါ ယောနိသော
မနသိကာရ ကျင့်ဝတ်သိက္ခာ
နှင့်လျော်ညီစွာရင်ဘတ်တံဆိပ်ပါမပါ
ဓာတ်ပုံကပ်ထားခြင်းရှိမရှိ
အိမ်အ၀င်အထွက်စိုက်ခင်းများ
စိမ်းလန်း လျက်
ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခြင်း
ပါးရည်နပ်ရည်
ရုပ်တုမြင်းခြေတစ်ချောင်း
မြှောက်လျှင် ခေါင်းစွပ်စွပ်ပါ
စပါးနယ်စဉ်
နွားများ
ငါ့ဇာတ်ကောင်ကို ငါ
အကောင်းဆုံးတွေပဲ
ပေးချင်တယ် သာမာန်အသိ
ရဲ့ လမ်းလျှောက်ပုံ။ ။

တည်ရ

Read more...

အခုမှ ကျွန်တော်တို့ ဘ၀ အစစ


ရေပြောင်း မြေပြောင်း ခေတ်ကလည်း ပြောင်းပြောင်းပြောင်း ဆိုရော
အခုမှ ထိုင်မိကာစရှိသေး ဖုန်းခဏခဏလာတယ် ဆေးတွေသောက်ရတယ်
လက်တွေတုန်နေတယ် အဆစ်တွေကိုက်ခဲ ယောင်ယမ်း မှန်းထားတဲ့ နေရာ
ဟေ့လူ လွဲနေတယ်
ရှေ့နောက် အမှန် ပြောပြောနေတဲ့ အမြန် ခေတ်ကတော့
ထန်လို့။

မထင်မှတ်လောက်တဲ့ အလှည့် ပေးချင်တဲ့ဘက်ဆီ ခေါင်းလည်လည်လိုက်
မိုက်တယ် ခိုက်တယ် စိတ်ထဲကစကားတွေ ထိခိုက်နေတယ် တိတ်တိတ်နေ
သူတို့က ကဗျာဆိုပြီး ဝေးရာဆီ ဝေးဝေး ဘာသာစကားနဲ့ ပြေးလို့
ဟိုရောက် ဒီရောက် ရောက်ရောက်နေတော့ အခုမှ အစ ကျွန်တော်တို့က
ဘ၀။

ကောင်းပါတယ်ဆိုတာ အသစ်လို ပုံစံလေးတွေ ရောရောချတာ
အဟောင်းကို Recycle Refuse Reduce လုပ်ကြည့်တာ
တိုးစီးရတဲ့ လိုင်းကားကို ပတ်စီးခပေးပြီး နောက်ပြန်လှည့်ခိုင်းတာ
အထူး အထူး အထူးလို့ အော်ပြီး အရူးလို မူးမူးနေတာ
ဟုတ်လား
အခုတော့ အစကနေပြန်စ သေသွားတဲ့ ဘ၀ဆိုတာ
နောက်ဒုက္ခဆီ။

တစ်ယောက်နဲ့တစ်ယောက် အကွဲ အလွဲ နှလုံးက ခုန်အားနည်းတယ်ကွာ
သွားကိုက်သလိုပေါ့ ရယ်ရင်း ငိုရ
အိမ်ကထွက်သွားတဲ့ သူငယ်ချင်း အခုထိ အစဆွဲလို့မရ
အဆုံးထိ ခုန်ချသွားပေါ့ ဖန်တီးမရတဲ့ဇာတ် အနာတရ နောက်နေ့ရက်များဆီ
အစာမရ ခွေးပေါက်စလေးတွေ အမေ့နို့အိမ်တွေကို စုတ်ပြဲသည်အထိ
အခုမှ ဘ၀ အစ။

ပန်းဆိုးတန်းဂုံးကျော်အောက်က အရူးတစ်ယောက် Performance လုပ်သလို
ဘာမှမသိဘဲ အမြဲ နာကျင်ခဲ့ရပါတယ်
ရေခပ်သူ မိတ်ဆွေလေးရေ ရေလျှံသူ မိတ်ဆွေကြီးရေ
အခုမှ ကျွန်တော်တို့ ဘ၀ အစစ ရယ်မောဖို့ ဟာသ
တခဏပါပဲ။           ။

မြတ်ဝေ
၆.၂.၂၀၁၀

Read more...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP