အကြောလျှော့ အစီအစဉ် ပရိုဂရမ်


ပိတ်ပစ်လိုက်
လက်နှစ်ဖက်
ဘာတွေကျန်နေသေးလဲ။

ပင်ကိုယ်အတိုင်း
[ သီချင်းဖွင့်ထားတယ် ကဗျာထဲ ခုန်ဝင်လာကြတယ်
 ငါမရေးဘူး ]
ငါဘာမှ မရေးဘူး
တွီ..တွီ..တွီ..

လိပ်စာပေးပါ
အီးမေးကိုလိပ်မူလိုက်
တွေ့ရှိပြီ၊ ထင်ရ၊ တကယ်တွေ့ကြတာတော့မဟုတ်
ညနေတွေကို ကျိုချက်ပြီး ဒီဂရီမြှင့်ထားတဲ့အတိုင်း ဆက်ဆံမိတယ်။

ကိုယ့်ကတိကိုကိုယ် ပျက်ရယ်ပြု ချိုးဖောက် ထိုးဖောက် ဖောက်ဖျက်
ဖောင်ဖျက် မျက်နှာတွင်သွေးရောင်ဖျော့တော့လျက် ဖောင်ကတ၀က်တပျက်
တ၀က်ချိုးချထားတဲ့ ဂီိတ တောင့်တင်းမှုဟာ ပိုမိုစေးပျစ်လာတယ်။

တွီ..တွီ..တွီ..
ငါဘာမှမရေးဘူး
ကဗျာထဲ သူ့အလိုလိုခုန်ဝင်လာကြတယ်
ဖောင်ဖျက်တဲ့အခါ အနုပညာ လို/မလို
ပိတ်ပစ်လိုက်ပြီ။          ။

ခင်အောင်အေး

Read more...

whatever they had been!

Modern




Neomodern




Postmodern




Modernism, Post Modernism, Brutalism, Deconstructionism, and Post-Brutal-Deconstructed-Neo-Modernism



All of them are google searching. Just sharing what i have seen. Nothing special!!!!

Read more...

ကဗျာရေးနေတာမဟုတ်ဘူး ကဗျာကို အပျော်ကြံနေတာ


အညှိတက်နေတယ်
အချိန်ကာလပြပုဒ်တခု
နောက်တခါလာမေးရင် ဈေးတမျိုးပြောဘို့
အသင့်ပြင်ထားတဲ့ နှုတ်ခမ်းဆိုးဆေးအရောင် ဖျော့ဖျော့
ကောင်တာ မှန်ရှိုးကေ့စ်ပေါ်မှာ လက်ထောက်လျက်
လုပ်ငန်းကောင်းလား မသတီစရာမေးခွန်း
တလွဲဆံပင်မကောင်းလိုက်ပါနဲ့
ခြောက်ကပ်ကပ် အာသီသတခု အလုပ်လုပ်ပုံ အဆင့်ဆင့်
မင်းပျင်းနေရင် သွား အဲဒီ စတီယာရင် ၀ှီးလ်ကို တချိန်လုံးလှည့်နေလိုက်
ကျမ အယ်လ်ဘမ်ထဲက Miss independent ကို သူတို့မုန်းတယ်
ပြီးတော့ သန်းချီတဲ့စကားတွေ မြွက်ကြားကြအုန်းမယ်
ကျမလဲ သူတို့ကိုမုန်းတယ်
ကျမက ကျမပဲလေ
စပါးကြီးမြွေဟာ သူ့ထက်အဆမတန်ကြီးတဲ့ သူ့အစာကောင်ကိုမြိုသလို
မညီညီအောင် ဖျစ်ညှစ်ပြီး တွဲချိတ်လိုက်တာပါပဲ
ပေါလ်မာဒွန်းကို မြောက်ပိုင်းအိုင်ယာလန်မှာ ၁၉၅၁ ကမွေးတယ်
“ဆန်စေ့တိုင်း သံလိုက်အဆွဲခံရ” လို့ သူ့ကဗျာထဲမှာထည့်ရေးတယ်
နေ့ခင်းကြောင်တောင် သတ်ပုံအမှားတွေ လိုက်ရှာနေတဲ့ ငနဲပေါ့
(ပြန်ပြောင်းပြောပြသူရဲ့ မှတ်ချက်)
“ဥက္ကာပျံတွေသာဖြစ်တယ်လို့ ပိုလာရွိုက်လို အော်ပြောချင်ပုံပါပဲ”
လို့
၁၉၉၈ မှာ အဆုံးသတ်လိုက်တယ်
ခုလတ်တလောမှာ ဘာကိုဘယ်လို အဆုံးသတ်ရမယ်ဆိုတာ
တကယ့် အစ်ရှူးပေါ့
(ဆူပါ အစ်ရှူးပဲ
တစ်သျှူး..ဘာဖြစ်တယ် ၀ူရှူး …… ကျူရှူးမှာ…အစရှိသဖြင့်
မကစားတော့ပဲ)
-သိပ်ပေါ့ပါး
-သိပ်တည်ငြိမ်
သူ့စာကြောင်း၂ ကြောင်းကိုပဲ ပြန်ယူ
စာလုံးတွေကို စားပွဲပေါ်မှောက်ချလိုက်တယ်
ကဲ လာ လက်စီကွန် ကစားကြမယ်
အမှတ် နှစ်ဆ သုံးဆ ရဖို့ ခေါင်းပူအောင်စဉ်းစား
ဒစ်ရှင်နရီချည့်လှန်နေမှတော့
မင့်ဟာက ကစားတာနဲ့မတူ
ဘာကကော ဘာနဲ့ တူရအုန်းမှာတုန်း
သင်္ကြန်လို သင်္ကြန်နဲ့ မတူတော့တာမျိုးကို အညွှန်းပြုချင်တာလား
အမြဲတမ်းဆောင်ထားလေ့ရှိတဲ့
Herb mineral mist ကို မျက်နှာပေါ် ပက်ဖျန်း
လိုက်ရင်တော့ လန်းဆန်းသွားတော့တာပါပဲ။                    ။

ခင်အောင်အေး

Read more...

နောက်ပြန်လျှောက်မယ်ဆိုလဲလျှောက် မူကွဲ မကွဲ လူကွဲ မကွဲ ဓာတ်မီးထိုးထားတယ်


အခုလောက်ဆို ဆာမူရိုင်းတွေ
သေသွားပြီ ဟိုးရှေးတုန်းက ဓားတစ်ချောင်းတည်း ကျွက်ကျွက်ဆူ သတ်ပွဲများ
ပွက်ပွက်ဆူ ရေနွေအိုးများ
အပြင် လမ်းဘေးမီးတိုင်ဟာ ဖြည်းဖြည်းချင်း
ဖုန်းဆိုးမြေဟာ ဖြေးဖြေးခြင်း
ပခုံးသားဟာ ဖြည်းဖြေး ကျဉ်း/ကျင်း/ကြင်း/ချင်း/ခြင်း/ချဉ်း
မချုပ်ရသေးဘဲ အပြဲရာဟာ အတိုင်းသား ဖိနပ်ဦးမှာ ပင်လယ်ဝမှာ
ဆာမူရိုင်းတွေ သေသွားပြီဆိုရင် ပခြုပ်ထဲမှာ မြွေမှာ
လကမ္ဘာကြီးမှာ မြေမှုန်စလေးမှာ စကြာဝဠာမှာ နုနုရင့်ရင့် ဖျစ်ဖျစ်မြည်
အသံများမှာ နားများမှာ အဝေရာ ဝေးရာ
ဆန့်ကျင်သမျှ ပါးစပ်ဖျားမှာ တုန်တုန်ခါခါ
ရောင်နီ လာပြီဆိုရင် ခေါင်းတလားထဲ သူတို့ဟာ ပြောပြောဆိုဆို ဇာတ်လမ်းတွေ ပမာ
နားဆင်ရင်း ၀င်ပုန်းသွားတော့မှာ-
                                          ဖြာကျနေကြ
                                          နေရောင်တွေ
                                          သစ်သားတွေ
                                          လူလုပ်ပစ္စည်း
                                          မျက်နှာပြင်မှာ
                                          အရိပ် အဆိုး/
                                          အကောင်းများ
                                          ပျက်သုဉ်းသွား
ရင်သန်းချီပြီး နုန်းတင်ကျန်ရစ်မယ့် မြှားတွေ တစ်စင်းပြီး တစ်စင်း
ရင်နှင့်အမျှ ခံစားနေရ ဝေဒနာဆိုတာ သဝေထိုးလေး ကွေး ကွေးပြီး
လက်ညှိုးလေး ကွေး ကွေးပြီး စွဲမိဆွဲရာ ဆွဲသွားတဲ့လမ်းဒေါက်လျှောက်
ဖျက်မရဘူး/ထပ်မရဘူး/ဆက်မရဘူး/ကပ်မရဘူး/တက်မရဘူး/နှပ်မရဘူး/လက်မရဘူး/သတ်မရဘူး/
နံရံတွင် တွန်းတိုက် ပွတ်သပ် သွားသည့် စွတ်ကြောင်းရာကြီး အကြီးကြီး။             ။

တည်ရရေးသည်

Read more...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP